မိုးပျံ ကြိုးတန်းဆီသို့

ဟိုးမိုးကောင်းကင်ပေါ်မှာ ပျံဝဲနေတဲ့ ကြိုးတန်းကြီးတွေ

ဟိုးမိုးကောင်းကင်ပေါ်မှာ ပျံဝဲနေတဲ့ ကြိုးတန်းကြီးတွေ

“ဖေကြီးရေ..ဟိုးမှာ ၊ ဟိုးမှာ..ကြိုးတန်းကြီး မိုးပေါ်ပျံနေတယ်..”
“ဘယ်မှာလဲ သမီးရဲ့ ၊ သြော်..အဲဒါ ကြိုးတန်း မဟုတ်ဘူး ၊ ငှက်တွေ အိပ်တန်းတက်ဖို့ အတူတူပျံကြတာ “

နေ၀င်ဖြိုးဖြ ဆည်းဆာရဲ့ ကောင်းကင်ကြီးကို မော့ကြည့်ရင်း တအံ့တသြဖြစ်နေတဲ့ ခြောက် နှစ်အရွယ် သမီးလေးကို သူ့ဖခင်က ချစ်ခြင်းမေတ္တာလွှမ်းနေတဲ့ အပြုံးလေးနဲ့ ကြည့်ရင်း ရှင်းပြတယ်။
သမီးလေးက လွယ်လွယ်နဲ့ကျေနပ်သေးပုံ မပေါ်ဘူး ။ ဟိုးအရှေ့ ကောင်းကင်ကို မျက်မှောင်လေးကုပ်ပြီး မော့ကြည့်နေပြန်တယ်။

“ဟင် ..ငှက်တွေ နဲ့ မတူပါဘူး ၊ ကြိုးတန်းကြီးလိုပဲ…”
“ဟုတ်တယ်…ငှက်လေးတွေ အများကြီးက စီတန်းပြီး ညီညီညာညာ ပျံကြတာလေ ၊ အဲတော့ ဒီလိုအဝေးကြီးက လှမ်းကြည့်ရင် ကြိုးတန်းကြီးက မိုးပေါ်မှာ သွားနေသလို ထင်ရတယ်…”
“သူတို့က လက်ချင်းဆက်ပြီး ပျံကြတာလား”
“အင်းပေါ့…သူတို့ အတောင်လေးတွေ စီတန်းပြီး ပျံကြတာပေါ့ ”
“ဟော…ဟော..ဟိုမှာ ကြိုးတန်းကြီး ပျက်သွားပြီ ..ဖေကြီးရေ ၊ အနောက်မှ ကြိုးတန်း တိုတိုလေး ဖြစ်သွားပြီ ”
“အင်း ၊ အဲဒါ သူတို့ထဲက လေး ၊ ငါးကောင်က နောက်ချန်ပြီး ပျံကြတာ..”
“ကြည့်လို့ကောင်းတယ်နော်..ဖေကြီး”

“ဟုတ်ပါ့ဗျာ “

ခြောက်နှစ်သမီးလေးဟာ  သူ့ရဲ့  အာရုံတွေကို ဟိုးကောင်းကင်ကြီးပေါ်မှာသာ ထားရင်း တအံ့တသြ ဖြစ်နေခဲ့ပါတယ်။ သူ့စိတ်ထဲမှာ အဲဒါ လေယာဉ်ပျံတွေ ၊ အာကသ ယာဉ်တွေဆီကနေ ပြုတ် ကျလာတဲ့   ကြိုးတန်းကြီးလား..လို့ တွေးနေမိသေးတယ် ။

သူတို့ရဲ့  အိမ်ကလေးဟာ   ရေအပြည့်ချောင်းကလေးရဲ့  ကမ်းစပ်မှာ ရှိပါတယ်။ သူ့တို့ ရဲ့ အိမ်ရှေ့  မျက်နှာစာမှာ ကြည်စိမ်းနေတဲ့ ရေအေးအေး စီးဆင်းနေတဲ့ ချောင်းကလေးရယ် ၊ ဟိုတစ်ဖက်ကမ်းမှာတော့  တပြန့်တပြော ကျယ်ပြန့်တဲ့ လယ်ကွင်းစိမ်းစိမ်းကြီး တွေရယ် နဲ့   ဟာလာဟင်းလင်း ကောင်းကင်ပြင်ကြီး ရှိတယ်။ဒါ့ကြောင့်  သူဟာ ညနေ ၊ ညနေဘက်တွေဆို မိုးကောင်းကင်ကြီးကို မော့ကြည့်ရင်း  အံ့သြစရာ တွေကို ရှာဖွေနေတတ်ခဲ့တယ် ။

*****************


Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s