ပင်လယ် နှစ်စင်းလို လူ

ပါလက်စတိုင်း၌ ပင်လယ်နှစ်စင်းရှိသည်။

တစ်စင်းသော ပင်လယ်သည် လန်းဆတ်၏ ။ငါးမျိုးစုံ ရှင်သန်ကျက်စား၏ ။ကမ်းခြေတို့၌ အစိမ်းရောင် ခြယ်သ၏ ။သစ်ပင်တို့ ခက်လက်ဝေဖြာ၏ ။မွတ်သိပ်သော သစ်မြစ်တို့ဖြင့် ဇီဝပါလ ရေကြည်ရေပေါက်ကို စုတ်ယူမှီဝဲ၏ ။

ဂျော်ဒန်မြစ်သည် တောင်ကုန်းများဆီမှ ၀င်းဝင်းလဲ့ဖြာသော ရေတို့ဖြင့် ဤပင်လယ်ကို ဖန်တီး၏ ။ နေခြည်ထဲ၌ ပင်လယ်သည် မြူးထူးရယ်မောလေ၏ ။ သူ့အနီး၌ လူတို့ အိုးအိမ်တည်ကြသည် ။ ငှက်တို့ အသိုက်ဆောက်ကြသည်။ခပ်သိမ်းသော သတ္တ၀ါတို့သည် ဤပင်လယ်ကို မှီ၍ ပျော်ရွှင်ကြသည်။

ဂျော်ဒန်မြစ်သည် တောင်ဘက်အရပ်၌ အခြားသော ပင်လယ်ထဲသို့ စီးဝင်သေး၏ ။

ထိုနေရာ၌ ငါးတို့မပွက် ။ သစ်ရွက်တို့ မလှုပ်ခက် ၊ ငှက်တေးသံ မကြားရ ။ ကလေးတို့ ရယ်သံ ဆိတ်၏ ။ခရီးသွားတို့သည် အလျင်စလို ကိစ္စမှတပါး အခြားလမ်းကိုသာ ရွေးကြကုန်၏ ။ပင်လယ်ရေပေါ်က လေထုမှာလည်း လေးလံအုပ်ဆိုင်း နေ၏ ။ ထိုရေကို လူငှက်သတ္တ၀ါတို့ မသောက်ကြကုန်။

ထိုပင်လယ်နှစ်စင်း၏ ကြီးစွာသော ခြားနားမှုအား အဘယ်အရာက ဖန်တီးလေသနည်း။ဂျော်ဒန်မြစ်ကြောင့်တော့ မဟုတ်။ဂျော်ဒန်မြစ်သည် ပင်လယ်နှစ်စင်းစလုံးထဲသို့ တူညီသော ရေကောင်းရေသန့်များဖြင့် စီးဝင်လေသည်။သူတို့ တည်ရာ မြေလွှာကြောင့်လဲ မဟုတ်။အနီးတ၀ိုက်က လူတို့ ရွာကြောင့်လည်း မဟုတ်။

ခြားနားမှုကား ဤသို့တည်း ။ ဂါလီလီ ပင်လယ်သည် ဂျော်ဒန်မြစ်ကို လက်ခံ၏ ။ သို့သော်သိမ်းဆည်း မထား ။ ရေတစ်စက်ဝင်လာတိုင်း ရေတစ်စက်ပြန်ထုတ်ပေး၏ ။ ယူခြင်း ပေးခြင်းသည် ဟန်ချက်မျှနေ၏ ။

နောက်ပင်လယ်မှာမူ ၀င်လာသမျှကို ၀န်တိုစွာ ကဲ့ဝှက်သိမ်းဆည်းလေသည်။ရက်ရောမှု အလျင်းမရှိ ။ဝင်သမျှ ရေကို တစ်စက်တစ်ပေါက်မျှ ပြန်မထွက်စေရ ။

ဂါလီလီ ပင်လယ်သည် ပေးကမ်းမျှဝေခြင်းဖြင့် ရှင်သန်၏ ။ နောက်ပင်လယ်ကား မျှဝေမှု နတ္တိ ။ ထို့ကြောင့် သူမှာ ပင်လယ်သေ (Dead sea) ဟု အမည်ရလေ၏ ။

ပါလက်စတိုင်းမှာ ပင်လယ်နှစ်စင်း ရှိပါသည်။

လောကမှာ လူနှစ်မျိုး နှစ်စား ရှိပါသည်။

*****Ref ; Bruce Barton ရေးတဲ့ The Man Nobody knows ဆိုတဲ့ စာအုပ်ထဲက စာကြောင်းလေး…

၂၀၁၀ ပြည့်နှစ် ၊ မေလ ထုတ် ၊ သင့်ဘ၀ မဂ္ဂဇင်းထဲမှ ..ကိုယ်ရေးဘဏ်စာရင်း ဆောင်းပါး မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s