တကယ်ပျော်ချင်ရင် (၁)

ဖတ်ပြီးသား အကြိုက်ဆုံး စာအုပ်တစ်အုပ်ကို ပြန်ဖတ်ရလိမ့်မယ် ။

ချားဒဗလျူ အီလီယော့    က “စာအုပ်တွေဟာ အငြိမ်သက်ဆုံး ၊ သက်တမ်းအရှည်ဆုံး မိတ်ဆွေသူငယ်ချင်းတွေ ဖြစ်တယ် ၊ နားလည်ဖို့အလွယ်ဆုံး ၊ ပညာအရှိဆုံး တိုင်ပင်ဖော်တိုင်ပင်ဖက်တွေလည်း ဖြစ်တယ် ၊ စိတ်အရှည်ဆုံး ဆရာတစ်ဆူလည်း ဖြစ်ပါတယ် ” လို့    ပြောခဲ့ပါတယ်။

၁၀ နှစ်သားလောက်က ဖတ်ခဲ့တဲ့   ကလေးစာပေအတွဲတွေထဲက တစ်တွဲကို ယောင်္ကျားတစ်ယောက်က ခိုးဖတ်နေပါတယ်။ဒီကိစ္စကို မိန်းမက မိသွားပါသတဲ့။ဒီတော့ သူက ပြုံးစိစိ လုပ်နေတဲ့ မိန်းမကို ရှင်းပြသတဲ့ ။ဒီစာအုပ်တွေဟာ သူ့ကို ဖမ်းစားခဲ့တယ်။ဒီစာအုပ်တွေကို ဖတ်ပြီး သူသိပ်ကိုပျော်ခဲ့  ရတယ်။အခု လူကြီးဖြစ်ချိန်မှာ ပြန်ဖတ် တော့လည်း အရေးအသားကိုရော ၊ နိမိတ်ပုံတွေကိုပါ ကြိုက်နေတုန်းပဲ။ဇာတ်လမ်းကိုလည်း ကြိုက်နေတုန်းပဲတဲ့ ။

တကယ်တော့    စာအုပ်တွေမှာက ပေးစရာအမြဲရှိနေတာပါ။ငယ်ငယ်က ဖတ်ပြီးပျော်ခဲ့ရတဲ့  စာအုပ်တစ်အုပ်ကို ပြန်ဖတ်တဲ့ အခါ ပိုပျော်ရပါတယ်။ အသစ်အသစ်တွေ  တွေ့  ရှိလာတယ်။စိတ်ကူးယဉ်လို့    အင်မတန် ကောင်းလာပါတယ်။ဒါကြောင့်    ငယ်ငယ်တုန်းက စွဲခဲ့တဲ့   စာအုပ်တစ်အုပ်ကို ရှာပြီး သင့်ကိုသင် အတိတ်ကို  ပြန်ပို့ကြည့်လိုက်ပါ။ဒါဆိုရင် အပူပင်မဲ့ အကြောင့်ကြမဲ့ ပျော်ခဲ့ရတာတွေကို  ပြန်ခံစားရလိမ့်မယ်။ကလေးတစ်ယောက်လို အံ့သြနေမှာလည်း အသေအချာပါပဲ။

ပျော်စရာ ဇာတ်သိမ်းခန်းတွေ ၊ တစ်ဆင့်ခံ  အတွေ့အကြုံကပေးတဲ့   ပျော်စရာတွေကို လူတစ်ယောက်ဟာ ဘယ်တော့မှ မေ့ပျောက်လို့   မရနိုင်ပါဘူး ။

**** ဆရာခင်မောင်သန်း (မိုးမိတ်) ရဲ့    “တကယ်ပျော်ချင်ရင်” စာအုပ်လေးကနေ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s