Personal Election

-အမတ်လောင်းတွေ သိပ်မရှိပါဘူး
ငါ့တိုင်းပြည်က ကျိုးတို့ကျဲတဲ နိုင်တယ်
ဆွဲဆောင်နိုင်စွမ်း မဲ့တယ်
ဒါပေမယ့်
ခိုးမစား ထားလို့
ရိုးသား သေးတယ်။

-ငါလား….
ဝင်မပြိုင်ပါဘူး ၊ ကြိုးမကိုင်ပါဘူး
မစည်းရုံးပါဘူး ၊ သွေးမဆောင်ပါဘူး
ဗလာမဲလည်း မပေးဘူး ။

-အကောင်းဆုံးတွေထဲက…
အနိုင်ရသူကို စောင့်ကြည့်လေ့လာမယ်
အများရဲ့ အလိုကျ ဖြစ်ချင်ဖြစ်မယ်
ဘုရားရဲ့ အလိုကျ ဖြစ်ချင်ဖြစ်မယ်
တရားမျှတစွာ လက်တွဲနိုင်ဖို့ လိုမယ် ။

-ဒီ့အတွက်
ဥပဒေ ပြဌန်း ရမယ်
ပြင်ဆင်ရမယ် ၊ ပြုပြင်ရမယ်
လမ်းဖွင့်ပေးတတ်ရမယ် ၊
ဟိုဟာလုပ်ရမယ် ၊ ဒီဟာလုပ်ရမယ်
အချိန်တွေ ကြာတယ်
လူလိမ်တွေ လာတယ်
ပြည်သုကို ညာတယ် ။

-နောက်ဆုံး….
ငါ့တိုင်းပြည်မှာ မင်းမဲ့ နေသေးတယ် ။

ငြိမ်းလေး
၁၉ ရက် ၊ ၃လ ၊ ၂၀၁၀
ည ၁၁ နာရီ

မှတ်ချက်။ ။ ၂၀၁၀ ရွေူးကောက်ပွဲ မဟုတ်ပါ ၊ ကိုယ့် အကြောင်းလေး ကို ရေးထားခြင်းသာ

Advertisements

2 thoughts on “Personal Election

  1. Myintkyaw Hlaing>>>
    ကောင်းလိုက်လေဗျာ…………………………………………………….ဘယ်သူပေါက်ကျိုင်းလည်း သိချင်လှသည်….
    ***********
    Pann Myat>>>
    ယောင်းလေးယောင်းယောင်းကဆန်ကောင်းကောင်းနဲ့စားချင်သေးတယ်နော်မီးမီးကြောက်ကြောက်နော်ဟီး…
    ************
    Su Pyae Sone>>>>
    Idea လေးကောင်းတယ်..reality နဲ့တော့ ဆက်စပ်ပြီး စဉ်းစားလို့မရဘူး.. ငါ ဥာဏ်မမီဘူးနဲ့တူတယ်..
    ************
    ဂျေ ဂျူ ၀ိုင်>>>>
    ငါ့ တိုင်းပြည်ပါနော်။ ငါတို့ တိုင်းပြည် မဟုတ်ဘူးနော်။ ဒီတော့ ဒီတိုင်းပဲ ဖတ်သွားတယ်။
    **************
    Honey Naung Naung>>>>
    ဒီလိုလူတွေများနေရငိတော့ ဒုတ်ကောက်ပါပဲနော်
    ****************
    Honey Naung Naung>>>>
    စောင့်ကြည့်လေ့လာမယ့် သူတွေ သာများနေရင်တော့
    မြှဖစ်ဘူးလေ
    ************
    Pann Myat>>>>
    ယောင်းလေးရယ်ယောင်းယောင်းဆန်ကောင်းနဲ့ပဲစားချင်တယ်မီးမီး ကြောက်ကြောက်နော်
    ***********
    Honey Naung Naung>>>
    ပန်းမြတ်ဇော်
    ဘယ်နှခါထက်ပြောနေမှာလဲ
    ************
    Moe Htet>>>>>>>>>
    ကောင်းတယ်။ Idea ရော၊ Presentation ပါ။ အချိန်အခါနဲ့ ကိုက်ရေး တဲ့ ခါတော်မီ ကဗျာထင်တာပဲ။ ငါ့ တိုင်းပြည်မှာ မင်းမဲ့နေသေးတယ် ဆိုတော့ လိုတာက ဘုရင်ကြီးတစ်ပါး ထင်ပါရဲ့ ။ တစ်ခါတလေ တချို့ တိုင်းပြည်တွေမှာ မိဖုရား မဟုတ်တဲ့ ဘုရင်မကြီးတွေ အုပ်စိုးလို့ရတာ ပဲလေ။ ဘာပဲဖြစဖြစ် ငြိမ်းငြိမ်း ရဲ့ ဒီကဗျာ — မိုက်တယ်။
    ***********
    Pann Myat>>>>>>
    ဟီးဟီးမှားသွားလို့ပါရုံးမှာကြောက်ရတဲ့အပြင်facebookမှာပါကြောက်နေရပါလားမနောင်းနောင်ရယ်
    ***********
    Pann Myat>>>>>>>>>>
    အင်းworldတော့ပျက်စီးတော့မယ်ယောင်းလေးဘုရင်မလုပ်ရင်နေရာကြိုရှာထားမှပဲ:P
    ************
    Aye Pyae Sone>>>>>>>
    လန်းတယ် ညလေး..
    **************
    Kyipyar Linn>>>>>>>>>>>
    ဘာပြောရမှန်းမသိလောက်အောင်ကို အရမ်းကောင်းတယ်…ငြိမ်းရဲ့အိုင်ဒီယာကော …အတွေးကော….မိုက်တယ် …မမ တကယ်ပြောတာ…မမတောင်ငြိမ်းလောက်မရေးတတ်ဘူး
    **************
    Ma Su Mon>>>>.>>>
    ချစ်လေးရေ.. တကယ် အံ့သြ ချီးကျူးဖို့ကောင်းလောက်အောင် မမချု့ အချစ်လေးက ကဗျာရေး သိပ်တော်နေပါလား.. ချစ်လေးကဗျာလေးတွေ ဖတ်တိုင်း ဖတ်တိုင်း တကယ့်ကို မချီးကျူးပဲ မနေနိုင်အောင်ပဲ တကယ့်ကို စာလုံးရွေးချယ်မူနဲ့ အတွေးလေးတွေက လန်းလည်း လန်းတယ် ဆန်းလည်း ဆန်းတယ် အဲ့အတွက် ပိုပိုချစ်လာတယ်နော် မွားစ် 🙂
    **********
    Pann Myat>>>>>>>>
    မီးမီးလဲမွားစ်ကြိုက်တယ်သိလားမီးမီးကိုဦးစားပေးနော်ဟဲဟဲ
    **********

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s