မျက်မြင်

ရယ်သံတွေ ထည့်တယ်
တောက်ခေါက်သံတွေ ထည့်တယ်
ဘ၀ကို အဆာသွတ်တယ်
တစ်နေ့တစ်ခြား
စိတ်ဓာတ်တွေ ယောင်ကိုင်းလာတယ်
ထုံးတမ်းစဉ်လာဆိုတာလည်း
လာဘ်စားတတ်တဲ့ ဒိုင်လူကြီးတစ်ယောက်ပဲ ။

ဒိုင်ယာရီ ကို ပိတ်ထားတယ်
မျှော်လင့်ခြင်းတွေ စိုက်ပျိုးထားတယ်
ဘာလိုလိုနဲ့
အတိတ်တွေ ပုတ်သိုးလာတယ်
ဖြတ်သန်းခဲ့တဲ့ နေ့ရက်တွေကလည်း
အနီရင့်ရောင် အစင်းခြစ်ရာတွေကြီးပဲ ။

လိုချင်တဲ့ အရာကို ပိုင်ချင်တယ်
ပြန်ပေးရမှာကို မုန်းတယ်
မလိမ့်တပတ်တွေနဲ့ပဲ
ကိုယ်ကျင့်တရားတွေ ချစားလာတယ်
တွဲလက်တွေဆိုတာလည်း
လွှတ်ချခါနီး အခြေအနေကြီးပဲ ။

ငြိမ်းလေး
မတ် ၁၆ ၊ ၂၀၁၀
ည ၈ နာရီ

Advertisements

One thought on “မျက်မြင်

  1. Yay Kel Yay>>>>
    မျက်မြင်နေပေမယ့် တစ်ခါတစ်ရံ ကန်းချင်ယောင် ဆောင်နေရတဲ့ ဘ၀တွေက မနှစ်မြို့ဖွယ်ရာတွေ အဖြစ်ပေါ့ ..။
    *************
    Nyein Nyein Pyae>>>>>>>>
    ဟုတ်တယ်..ကိုရေနွေးရေ ရေ…ငြိမ်း လူကြီးမဖြစ်ချင်တော့ဘူး..စိတ်ညစ်လို့…
    *****************
    Yay Kel Yay>>>>>>>>>
    မဖြစ်လို့မှ မရတာလေ … အသက်အရွယ်ကြီးလာတိုင်း စိတ်က ပြောင်းလဲလာရတော့မယ် .. ဘာတွေဖြစ် … …။
    ***********
    Nyein Nyein Pyae>>>>>>>
    မျက်မြင် မြင်နေရတာတွေကို စိတ်ကုန်လို့လေ…
    ***********
    Yay Kel Yay>>>>>>>
    မြင်နေရခြင်း နာမ်တွေကို နေရာပြောင်းယူလိုက်လေ .. အဆင်ပြေ ချမ်းမြေ့ပါစေ ..။
    ***********
    Myat Shaw>>>>>>>>
    လိုချင်တဲ့ အရာကို ပိုင်ချင်တယ်
    ပြန်ပေးရမှာကို မုန်းတယ်.. <<>>>>>>>
    ဒီနေ့ ငါ့ညီမလေးတွေရဲ့ တက်ဂ်စာတွေတိုင်းက မမဆုမွန် စိတ်ကို တော်တော်လေး ထိခိုက်စေတယ်..ဟုတ်တယ် တွဲလက်တွေဆိုတာကလည်း လွှတ်ချခါနီးတွေချည်းပဲ :(:(:(:(: တစ်နေ့တစ်ခြား စိတ်ဓာတ်တွေလည်း ယောင်ကိုင်းလာတယ် ..နှလုံးသားတွေလဲ ပုတ်သိုး ရင်း ယောင်လို့..:(:(:(
    *************
    Aye Pyae Sone>>>>>>>
    တွဲလက်တွေ အများကြီးကို တွဲနေရမှာထက် လက်တွဲခိုင်မယ့် လက်တစ်ဖက်ကို တင်းတင်းဆုပ်ထား ညီမလေး
    ဘယ်အကြောင်းနဲ့မှ လွှတ်မပစ်လိုက်နဲ့.. အဲ့ဒီလက်ဟာ ကိုယ်အကူအညီလိုချိန်မှာ ပုတ်မချပစ်မယ့် လက်ဖြစ်ရမယ်.. အဲ့ဒီလက်ဟာ ကိုယ်စိတ်ညစ်တဲ့ အခါတိုင်း ကိုယ့်ဘေးမှာ ကိုယ်နဲ့ထပ်တူ ခံစားပေးမယ့်လက်ဖြစ်ရမယ်.. အဲ့ဒီလက်ဟာ ချစ်သူရဲ့လက်ဖြစ်ချင်ဖြစ်မယ်.. သူငယ်ချင်းရဲ့ လက်တစ်စုံလဲ ဖြစ်နိုင်မယ်….
    ************
    Aye La Pyae Win>>>>>
    တခါတလေမှာ သိုးရေခြုံထားတဲ့ ၀ံပုလွေ တွေ ကို တအားစိတ်ပျက်
    မိတယ်ငြိမ်းရယ်..အဟုတ်…
    ************
    ဂျေ ဂျူ ၀ိုင်>>>>>>>>>>
    ခုတလော Facebook မှာ တကယ်ကောင်းတဲ့ ကဗျာတွေ ဖတ်ဖတ်နေရတယ်။ ဒီကဗျာအတွက် yay kel yay ပြောသလို ဂျေဂျူဝိုင်တို့လည်း ကန်းချင်ယောင်ဆောင်နေရတယ်။
    ******************
    Yay Kel Yay>>>>>>>>>>
    ကိုဂျေကြီး .. အနော့ကို ဆွဲထည့်သွာတယ်ပေါ့ ..:(
    ************
    May Pwint>>>>>>>>
    “လိုချင်တဲ့ အရာကို ပိုင်ချင်တယ်
    ပြန်ပေးရမှာကို မုန်းတယ်” …..ဒီစာသားလေးကို အရမ်းကြိုက်တယ်။
    ************
    Su Pyae Sone>>>>>>>>>>
    ဘ၀ဆိုတာ ကိုယ့်ကို အမြဲအားစမ်းနေတဲ့ စာမေးပွဲတဲ့ ငြိမ်းရဲ့.. စာမေးပွဲတစ်ခါဖြေလိုက် ရှုံးလိုက်ဆိုရင်တော့ လူဖြစ်ရတာ မတန်ဘူးပေါ့ငြိမ်းရယ်..ဘာတွေဘယ်လောက်ပဲ ဆိုးဆိုး ကိုယ့်ရဲ့စိတ်ဖြူဖြူလေးကိုတော့ အပျက်စီးမခံလိုက်ပါနဲ့..အဲဒါမှ တကယ်ရှုံးသွားလိမ့်မယ်……
    ****************
    Reki Maro>>>>>>
    ma su
    ************
    Pann Myat>>>>>>
    ဘ၀ကိုအဆာသွတ်ထားတော့ပဲပြားအစာသွတ်လိုပဲစားလို့ကောင်းလားဟင်:P
    ***********
    Aye La Pyae Win>>>>>>>>>>
    ငဖယ်ကိုအစာသွပ်တာ ပိုစားလို့ကောင်းတယ် ပန်ပန်ရဲ့ မမလဲ ကြိုက်တယ်
    *************
    Ma Su Mon>>>>>>>>>
    ပဲပြားအစာသွပ်လဲ ကောင်းတယ်နော် ချစ်
    **************

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s