At present

* အခုတလော
သိပ်မတွေးချင်ဘူး ၊ စာမရေးချင်ဘူး
ခံစားချက်တွေ မပီပြင်ဘူး
ခပ်ထုံထုံ အေးခဲနေသလိုနဲ့ပဲ
ဒီရင်ထဲမှာ
ပျော်လည်း မပျော်ဘူး
ငိုလည်း မငိုဘူး ။

* အခုတလော
စားလို့မ၀င်ဘူး ၊ အိပ်လို့မပျော်ဘူး
လှုပ်ရှားမှုတွေ အသက်မ၀င်ဘူး
ခပ်ယဲ့ယဲ့ ခြေလှမ်းတွေနဲ့ပဲ
နိစ္စဓူဝ ထဲမှာ
စည်းလည်း မတားဘူး
ချိုးလည်း မဖောက်ဘူး ။

*အခုတလော
မမုန်းချင်ဘူး ၊ မချစ်ချင်ဘူး
စွဲလမ်းစိတ်တွေ မထားဘူး
ခပ်ဖျော့ဖျော့ သက်ပြင်းငွေ့နဲ့ပဲ
အသိစိတ်ထဲမှာ
မေ့လည်း မမေ့ဘူး
လွမ်းလည်း မလွမ်းဘူး ။

*အခုတလော
ခေါက်မသိမ်းချင်ဘူး ၊ ဖြန့်မခင်းချင်ဘူး
လိုချင်စိတ်တွေ မလွယ်ပိုးချင်ဘူး
ခပ်ဝါးဝါး ယုံကြည်ချက်နဲ့ပဲ
ဒီဘ၀ထဲမှာ
လှမ်းလည်း မခေါ်ဘူး
နှင်လည်း မထုတ်ဘူး ။

ငြိမ်းလေး
ဖေဖော်ဝါရီ ၁၆ ရက် ၊ ၂၀၁၀
ည ၁၀ နာရီ

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s