A Piece of Tear

မထိုက်တန်တော့လို့ပဲလား
နင်လွှတ်ပစ်လိုက်တဲ့ အမှိုက်ပုံးထဲ
ငါ့ဘ၀တစ်ခုလုံး ပါသွားခဲ့ပြီ
နင်မသိဘူးလား
ဝယ်ယူလို့ မရတဲ့အရာ
ငှားရမ်းလို့ မရတဲ့အရာ
လုယူလို့ မရတဲ့အရာ
ငါတို့အတူ ကောက်ရခဲ့ကြတယ်
အဲဒါ
သံ…ယော…ဇဉ် ပဲ။

နင် မမြင်နိုင်ဘူးလား
ဟိုးအနက်ရှိုင်းဆုံး တစ်နေရာမှာ
နင့်အတွက် သီးသန့်ရှိတယ်
နင်ရယ် ၊ မနက်ဖြန်တွေရယ်
စိတ်ကူုးတည့်ရာတွေရယ်
ခရီးသွားခြင်းတွေ ရယ်
ပြီးတော့
ငါတို့ကြားက အဖြူစင်ဆုံး ချစ်ခြင်းတွေရယ်။

နင် နားမလည်ဘူးလား
တကယ် မရည်ရွယ်ခဲ့တဲ့ မတော်တဆတွေ
ရှင်းလည်း မပြချင်တော့ဘူး
အဆိပ်တစ်ခွက်လည်း မဖြစ်ချင်ဘူး
ငါ့ကြောင့်ဆို မျက်မှောင်တောင် မကျုံ့ စေချင်ဘူး
ပါးစပ်ကပြောမှ နင်သိမယ်ဆို
နားမထောင်နေနဲ့တော့
နင် ငါ့ကိုဘယ်တော့မှ သိမှာမဟုတ်ဘူး ။

အလေးအနက် လွမ်းဆွတ်မိပေမယ့်
တခမ်းတနား ဖွင့်ဟမပြနိုင်ခြင်းအတွက်
မလုံလောက်ဘူး နင်ထင်လည်း
အဲဒါ
ငါ့ထိုက်နဲ့ ငါ့ကံ
ခံ
ပြာကျသွားတဲ့ ငါ့ရဲ့ အသံ ။

ရှိပါစေတော့လား
ငါ့ဝိညာဉ်ငါ ရေနစ်သတ်မိမှတော့
လိုအပ်တယ်ဆိုရင် လာခဲ့
မလိုအပ်ဘူးထင်ရင် ထားခဲ့
နင်အဆင်ပြေတယ်ဆို ကျေနပ်ပြီ ။ ။

ငြိမ်းလေး
ဖေဖော်ဝါရီ ၁၁ ၊ ၂၀၁၀
ည ၁၂ နာရီ ၅ မိနစ်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s