A Piece of Me

– ငါဟာ ဘယ်လိုလူအမျိုးအစားလည်းတော့ မသိဘူး

ပုခုံးနှစ်ဘက်ကြားမှာတော့  ခေါင်းပါတယ်။

-ဗင်းဆင့်ဗင်ဂိုးရဲ့  ပန်းချီကားတွေကို အဓိပါယ်မဖေါ်တတ်ဘူး

ကော်ဖီနွေးနွေးတစ်ခွက်ရဲ့ အရသာကို ငါပိုမက်မောတယ်။

-ပို့စ်မော်ဒန်ကဗျာတွေ  ငါဘယ်လိုမှနားမလည်ဘူး

ရာဘင်ဒြာ နတ်တဂိုးရဲ့ ကဗျာတွေတော့ ကြိုက်တယ်။

-ကြယ်ကြွေတာဟာ နတ်သတ်ကြွေတာလားတော့ မသိဘူး

ဖျက်ခနဲ မြင်တိုင်း တစ်စုံတစ်ရာတော့ ဆုတောင်းမိတယ်။

-ချစ်ခြင်းမေတ္တာဆိုတာကို သေချာမဖတ်ရှုတတ်သေးပါဘူး

ငါ့အိပ်မက်တိုင်းမှာတော့ နင်ကခုန်လာခဲ့တယ်။

-အက်ဒီဆင်ဟာ ၁၀၀၁ ကြိမ်မြောက်မှ အောင်မြင်မှုရခဲ့သလားမသိဘူး

ငါကတော့  ၂ကြိမ်ကျရှုံးမှာ ကြောက်တယ်။

-နယူတန်ရဲ့ နိယာမကို  အဓိပါယ်မဖွင့်ချင်ပါဘူး

ငါ့နံဘေးမှာ နင်ရှိနေရင်တော့ ပျော်တယ်။

-အိုဘားမား ရဲ့ ကတိဝန်ခံချက်တွေ လက်တွေ့ဖြစ်မဖြစ် မသေချာဘူး

ငါကတော့ “ Yes,I can “ လို့ ပြောတတ်လာခဲ့တယ် ။

-နာဂစ်ဆိုင်ကလုံးနောက်ဆက်တွဲကို ခေါင်းရှုပ်ခံ ၀င်မစဉ်းစားဖူးဘူး

နင်နဲ့ ရန်ဖြစ်တုန်းက ငါ့ရင်ထဲမှာ မီးတောင်တွေ ကွဲခဲ့ဖူးတယ်။

-နောဧဟာ နယ်မြေသစ်ကို တွေ့ရှိသူဟုတ်မဟုတ်ဆိုတာ ငါမသိဘူး

နင်ပြောတတ်တဲ့ စကားလုံးလေးတွေအောက်မှာ ပျော်ရွှင်ခြင်းကို ငါတွေ့ခဲ့တယ်။

-ငါဟာ မက္ကင်းနစ် တစ်ယောက် မဟုတ်ပါဘူး

နင်ဝမ်းနည်းနေချိန်တိုင်းတော့   အားပေးချင်ခဲ့တယ်။

-ငါဟာ  နီးခြင်းဝေးခြင်း  အတိုင်းအထွာကို  နားမလည်ပါဘူး

နင့်ကို ခပ်ဝေးဝေးက သတိရနေတာကို ပိုကြိုက်တယ်။

-ငါဟာ ၀င်္ကပါ ကစားနည်းမှာ မျက်စိမှောက်တတ်သူ မဟုတ်ပါဘူး

နင့်ရဲ့ အလိမ်အညာတွေအောက်မှာတော့ ချာချာလည်ခဲ့ဖူးတယ်။

-ငါဟာ ဝေဿန္တရာမင်းကြီးရဲ့ ပါရမီကို မမှီသေးပါဘူး

သစ္စာဖောက်တတ်တဲ့  နင့်ကိုတော့  ခေါင်းလောင်းထိုးလှူပစ်လိုက်တယ်။

-ငါဟာ နက္ခတ်တာရာ ပညာရှင်တစ်ယောက်တော့ မဟုတ်ပါဘူး

နင် ဆိုတဲ့ ကြယ်တစ်ပွင့် ငါ့ကောင်းကင်ကနေ ပြုတ်ကျသွားမှာတော့ ကြိုသိတယ်။

-ငါဟာ ရှေးဟောင်းပစ္စည်း စုဆောင်းတတ်သူတစ်ယောက်မဟုတ်ပါဘူး

ငါ့အတွေးထဲက နင့်ကိုတော့ အချိန်ပေါင်းများစွာ ထုတ်မပစ်နိုင်သေးတာ ခက်တယ်။

-ငါဟာ ဘယ်လိုလူအမျိုးအစားလည်းတော့ မသိဘူး

……………………………………………………………..

ငြိမ်းငြိမ်းပြည့်

စက်တင်ဘာ ၃ ရက် ၊၂၀၀၉

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s