သမားရိုးကျ

စောင့်လိုက်ရတာ
တမေ့တမော
နောက်ဆုံး ရလိုက်တာက
သက်ပြင်း တရှိုက်ပါ ။

နှုတ်ဆက် စကားတစ်ခွန်းအတွက်
ဒီနေရာကို လာခဲ့ရတာလား
နာလိုခံခက်ခြင်းတွေထဲ
တစ်သက်တစ်ကျွန်း ကျခဲ့။

ဒီလိုနဲ့ပဲ
မိုးရေတွေထဲ သွားခဲ့
နှင်းစက်တွေထဲ ဖြတ်ခဲ့
နေပူပူထဲ လျှောက်ခဲ့
တစ်ယောက်ထဲ
ဖိနပ်တွေ တစ်ရံပြီးတစ်ရံ ပါး ခဲ့ ။

မတော်တဆပါပဲ
မီးခိုရောင်လို ကကွက်တွေနဲ့
တစ်ခြားဘက်ကမ်းဟာ
ပုံစံမကျ အရိပ်ခိုလာခဲ့ ။

ဘာလိုလိုနဲ့
နောက်တစ်ခါ စောင့်ရမှာကြောက်ခဲ့
မသေချာခဲ့
တိမ်တွေပေါ် တည်ဆောက်ထားတဲ့
နားလည်မှုတွေအတွက်
ဒီလိုနဲ့
ငါဟာ တိတ်တဆိတ် ကျန်ရစ်ခဲ့ ။

ငြိမ်းငြိမ်းပြည့်
၂၅ ရက် ၊ ဇန်န၀ါရီ၊ ၂၀၁၀
ည ၈ နာရီ ၄၅ မိနစ်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s