ကမ္ဘာကြီးရဲ့ ဒေါင့်တစ်နေရာ

ဒီအချိန်….
ကမ္ဘာ့လူဦီးရေ သန်းခြောက်ထောင်ကျော်ထဲက
ဘယ်နှစ်ယောက်တောင်များ
နှင်းစိုစို ပလက်ဖောင်းထက်မှာ
ခိုက်ခိုက်တုန် ငိုက်မြည်း နေကြရှာမလဲ ။

ဘယ်နှစ်ယောက်တောင်များ
စားရမဲ့မဲ့ ၊ သောက်ရမဲ့မဲ့
ပင်ပန်းတကြီး ရုန်းကန်နေကြရှာမလဲ ။

ဘယ်နှစ်ယောက်တောင်များ
ကူကယ်ရာမဲ့
ပူဆွေး ငိုကြွေးနေကြရှာမလဲ ။

ဘယ်နှစ်ယောက်တောင်များ
ပိုက်ဆံ တစ်ချပ်အတွက်
ကိုယ်ကျင့်တရားကို ရောင်းစားနေကြရှာမလဲ ။

ဘယ်နှစ်ယောက်တောင်များ
ကျောတစ်နေရာစာ အတွက်
ခြုံလွှာတွေ ရနံ့ပြယ်နေကြရှာမလဲ ။

ဘယ်နှစ်ယောက်တောင်များ
လှိုင်းတံပိုးတွေကို ခေါင်းအုန်းရင်း
အရွယ်မတိုင်ခင် ရင့်ရော်နေကြရှာမလဲ ။

ငါထင်ပါရဲ့……
ကမ္ဘာ့လူဦးရေရဲ့ ၃ ပုံ ၁ပုံ
ခေါင်းပါခြင်း အမျိုးမျိုးကို မချိမဆန့် ခံ …..ရင်း…….နေ
ဒီလိုနဲ့………သေ….။

“မနက်ဖြန်” တံခါးပိတ်နေတဲ့ လူတွေ
“မျှော်လင့်ချက်” မထားဝံ့တဲ့ လူတွေ
“ဖူလုံခြင်း ” ခမ်းခြောက်ကပ်နေတဲ့လူတွေ
…………………
ဒီလူတွေအတွက်
ညာလက်က အစာရေစာပေးလို့
ဘယ်လက်က စည်းစိမ်ချမ်းသာပေးပြီး
ရင်ဝယ်သားလို အေးချမ်းအောင်ထားဖို့
ငါ့မှာ အစွမ်းအစ မရှိနိုင်တာ ၀မ်းနည်းတယ် ။

“အပြောထက် အလုပ်နဲ့သာ သက်သေပြပါ”တဲ့
သူတို့အတွက်ငါ
ပုရွက်ဆိတ် တစ်ကောင်လို တိုက်ပွဲဝင်ချင်ရဲ့
ခုချိန်မှာ လက်ဆုပ်လက်ကိုင် ပြစရာ ကူညီမှုမပေးနိုင်ပေမယ့်
ကတိပြုပါရစေ…
ငါပေးပါ့မယ်….
ငါ့မှာ စာရွက်နဲ့ ဘောလ်ပင် ရှိတယ် ။

ငြိမ်းငြိမ်းပြည့်
Jan 10;2010.
01:06 AM

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s