No,No, Go Away !

မလိုချင်ပါဘူး
မာယာသုံးတဲ့ ကြင်နာခြင်းတွေ
နင့်လက်ကိုတွဲမှ ဆက်လျှောက်နိုင်မယ်ဆို
ဒီနေရာမှာတင်
လဲ သေလိုက်မယ် ။

မလိုချင်ပါဘူး
မှော်မ၀င်တဲ့ သံစဉ်တွေ
နင်တီးခတ်မှ သီချင်းဖြစ်မယ်ဆို
ဒီနေရာမှာတင်
ကြိုးဖြတ်ပစ်လိုက်မယ် ။

မလိုချင်ပါဘူး
နှစ်ပြားမတန်တဲ့ စေတနာတွေ
နင်ညွှန်ပြမှ ပစ်မှတ်ထိမယ်ဆို
ဒီနေရာမှာတင်
မြှားဦးချိုးလိုက်မယ် ။

မလိုချင်ပါဘူး
ဟန်ဆောင်ပန်ဆောင် ရိုးသားခြင်းတွေ
နင်ရေးခြယ်မှ ငါ့စာမျက်နှာခမ်းနားမယ်ဆို
ဒီနေရာမှာတင်
ဆွဲဖြဲပစ်လိုက်မယ် ။

မလိုချင်ပါဘူး……..
လိမ်ညာပြောမယ့် သစ္စာစကားတွေ
မလိုချင်ပါဘူး…….
မလိုချင်ပါဘူး…….

ငြိမ်းငြိမ်းပြည့်

ဒီဇင်ဘာ၂၁ ၊ ၂၀၀၉

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s