ဖြတ်ပိုင်း တစ်စ

တွေးလက်စ….
အကြောင်းအရာတွေက ဟောင်းလောင်းပေါက်
အဖေမှုတ်ထုတ်နေတဲ့ ဆေးလိပ်ငွေ့တွေနဲ့ပဲတော့
ဝါရှင်တန်ကို ရောက်ဖူးဖို့မမြင်
သေချာနေတဲ့ မရေရာမှုတွေအတွက်
ပြီးတော့လည်း ပြီးသွားတာပါပဲ
မိုးမိနေကျ မျက်လုံးတွေနဲ့
တစ်နေ့ပြီးတစ်နေ့ ရုံးတက်ရုံပေါ့
တစ်စုံတစ်ရာ တိကျမှုမပါဘဲ
ငါထိုင်တဲ့ ကုလားထိုင်တောင်ခဏခဏ ပျောက်တယ် ။

စောင့်လက်စ….
လက်ခုပ်သံတွေက ရေလိုက်လွဲ
အမေပြောတဲ့ ရိုးသားခြင်းချည်းပဲနဲ့တော့
ရွေးကောက်ပွဲမှာ အနိုင်ရဖို့မမြင်
စီးနေတဲ့ ဖိနပ်တစ်ရံနဲ့ မလုံခြူံပေမယ့်
ကိစ္စမရှိပါဘူး ဆိုရင်လည်း ကိစ္စမရှိပါဘူး
ဘာမှမပါတဲ့ စကားလုံးတွေနဲ့
တစ်ရွက်ပြီးတစ်ရွက် ချရေးလိုက်ရုံပေါ့
တန်ဖိုးသတ်မှတ်ချက်တွေက အချိန်နဲ့အမျှ ပြောင်းလဲနေပြန်တော့လည်း
ငါသွားမယ့် လမ်းတောင် စုပ်စမြုပ်စပျောက်ပျောက်သွာ

းတယ် ။ ။

ငြိမ်းငြိမ်းပြည့်
18 ,Oct ,2009

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s