ငါ့ရဲ့ဝန်ထမ်းဘဝ

**မျက်လုံးတွေ မဖွင့်နိုင်သေးခင်
အိပ်ရာထခဲ့ရတဲ့ မနက်ခင်းပေါင်းများစွာ
လောကကြီးကို ဒေါက်ထောက်ကြည့်နေရင်းနဲ့
ငါ့ကိုယ်ငါ ရှာမတွေ့တော့တာလည်း ကြာပေါ့
ဗီးနပ်စ် ရဲ့ လက်တစ်စုံက
အဖြတ်ခံလိုက်ရတာလား
မွေးကတည်းက မပါတာလား
လက်ပြတ်ရင် အလှတရားလား
သိတဲ့သူလက်ညှိုးထောင်ဆိုတော့
ခွေးတစ်ကောင် ကြောင်တစ်မြှီးတောင်
ငါ့ကို အဖတ်မလုပ်တော့ဘူး
အခု ငါ့မှာပျောက်ဆုံးနေတာက
နားရွက်တစ်စုံနဲ့ ပုခုံးတစ်ဖက်တည်းပါ ။

**တစ်နေ့ထက်တစ်နေ့
ဒဏ်ရာရတတ်တဲ့ တိမ်တွေကို ငေးရင်း
ချစ်ခြင်းမေတ္တာနဲ့ ပျော်ရွှင်ခြင်းအစစ်အမှန်တွေ

က
ခြောက်ခြောက်သွေ့သွေ့ကို ပက်ကြားအက်နေတယ်
လတ်တလော သင်ခန်းစာကတော့
” ကျွတ်ကျွတ်အိတ် ” ဆိုတာ
အကောင်းနဲ့အဆိုး ယှဉ်တွဲနေတတ်တယ်
လူ = ကျွတ်ကျွတ်အိတ် ဆိုတာ ငါတွေ့ရှိတဲ့ အဖြေဖြစ်တယ်
” သာပေါင်း ” ဆိုတာ
စက္ကူစက်ရုံ နာမည်ဖြစ်တယ်
တစ်ချို့သော သူတွေရဲ့ မဟာ့မဟာဗျူဟာလည်းဖြစ်တယ်
နေတတ်ရင် အေးဆေးပါတဲ့
ဒါပေမယ့် …
ငါးပွက်ရာ ငါးစာ မချတတ်တဲ့ငါ့ကို လိုသေးတယ်ဆိုလာတော့
မသိလို့ မေးပါရစေလား
ရေလိုက် ငါးလိုက်နေတတ်တဲ့သူတွေ
ရေနစ်မသေနိုင်ဘူးလို့ ဘယ်သူပြောမလဲ..
မဖြေချင်ရင်လည်း ကျော်ချလိုက်ပါတော့
မသိချင်ယောင်ဆောင်တယ်ဆိုတာ ထုံးစံဖြစ်နေပြီပဲလေ ။ ။
ငြိမ်းငြိမ်းပြည့်
Tuesday, December 1, 2009 at 3:47pm
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s