အမုန်းဖြတ်ပိုင်း

မုန်းတယ်…
စွဲလမ်းခြင်းတွေနဲ့ အဆိပ်တက်နေတဲ့
ငါ့အိပ်မက်တွေ ။

မုန်းတယ်….
အယုံလွယ်ခြင်းတွေနဲ့ သွေးစည်းနေတဲ့
ငါ့နားရွက်တွေ ။

မုန်းတယ်….
သနားစာနာစိတ်တွေနဲ့ နွေးထွေးနေတတ်တဲ့
ငါ့လက်အစုံရယ် ။

မုန်းတယ်….
မီးတောက်ကိုမှ ၀င်တိုးချင်နေတဲ့
ငါ့နှလုံးသားကို ။

မုန်းတယ်…
ငါ့အချိန်တွေကို သိမ်းပိုက်ထားတဲ့
နင့်ရဲ့ အာဏာတွေ ။

မုန်းတယ်…
ခဏခဏ ရိုက်ချိုးခံရတဲ့
ပျော်ရွှင်ခြင်းတွေ ။

မုန်းတယ်….
အမှတ်မရှိစွာ ဦးတည်နေတတ်တဲ့
ငါ့ခြေလှမ်းတွေ ။

မုန်းတယ်…
ငါ့စိတ်နဲ့ ငါ့ကိုယ်ဖြစ်ခွင့်မရတော့တဲ့
နေ့ရက်တွေ ။

ငြိမ်းငြိမ်းပြည့်

11း06 နာရီ ၊ တနင်္ဂနွေနေ့
12 ရက် ၊ ဇူလိုင် ၊ 2009 ။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s